နှလုံးသားထဲကပိုးက
အဖြူရောင်ကြိုးကို
ဆေးဆိုးချင်တယ်
ရိုးသားတဲ့စိတ်ကလွဲလို့
အိတ်ထဲမှာတပြားမှမရှိတဲ့ငါ
ရူပါကလည်းချူချာလွန်းလှတယ်
သုံးတန်းကိုလေးနှစ်ကျလို့
ပညာရေးကလည်းဝေး
ပေးတဲ့ဘ၀ကယိုင်နဲ့တယ်
ပိုင်ဆိုင်ချင်စိတ်ကိုမြိုသိပ်
မင်းအတွက်အရိပ်မဖြစ်နိုင်တဲ့ငါ
ချစ်ခွင့်ရတာလေးပဲကျေနပ်တယ်..... ။

No comments:
Post a Comment