မာနရိပ်စွန်းထင်းပြီး
ရက်စက်တတ်တဲ့
ဟန်ဆောင်ကောင်းသူတစ်ယောက်ပေါ့
တကယ်တော့
ခဲမှန်ဘူးတဲ့စာသူငယ်လေးငါက
အချစ်ကိုကြောက်ရွံ့နေလို့
မာနအရေခွံကိုဟန်ဆောင် လွှမ်းခြုံခဲ့ရတာပါ
မင်းအမြင်မှာတော့ငါဟာ
ခံစားချက်မဲ့ပြီး
စိမ်းကားတတ်တဲ့
အေးစက်စက်နှလုံးသားပိုင်ရှင်ပေါ့
ခံစားရလွန်းလို့ကြေမွနေတဲ့ငါ့နှ
ဝေဒနာတွေကိုနာကြည်းလို့
စိမ်းကားချင်ယောင်ဆောင်ခဲ့ရတာပါ....
ကလောင်ရှင် - ဖူးပွင့်

No comments:
Post a Comment