Sunday, 20 November 2011

ရယ်စရာ

*လူမထွက်ဘူး*
ဒကာမတစ်ယောက်သည် ဘုန်းတော်ကြီးကျောင်းသို့လာရာ
ဘုန်းကြီးက ။ ။ ဟဲ့ဒကာမ၊ ဘာဖြစ်လို့လာသတုံး။
ဒကာမ ။ ။ အရှင်ဘုရား လူထွက်မယ် ကြားလို့ပါဘုရား။
ဘုန်းကြီး ။ ။ ဟာ ဘုန်းကြီးက လူထွက်တာ ဘယ်ကမ္ဘာကမှမရှိဘူးဟ။
တစ်နေ့က လာအပ်တဲ့ ကလေးနှစ်ယောက် ဟာဘယ်သူက
မွေးတာတုံးဟ။
ဒကာမ ။ ။ တပည့်တော်မက မွေးတာပါဘုရား။
ဘုန်းကြီး ။ ။ အိမ်း တစ်သက်လုံးမှတ်ထား၊ ဒကာမကသာ လူထွက် သဟ။


*မြဲမြဲကိုင်*
စိတ်ရောဂါကုဆေးရုံကို ပြန်လည်ပြင်ဆင် မွမ်းမံနေသည်။
ဆေးသုတ်သမားသည် နံရံကို ဆေးသုတ်နေသည်။
လူနာတစ်ယောက်ရောက်လာကာ ၄င်းကိုမေးသည်။

“ ခင်ဗျား ဆေးသုတ်တံကို သေသေချာချာ ကိုင်ထားရဲ့လား”

“ ကိုင်ထားပါတယ်”
“ ဒီလိုဆိုရင် လှေခါးကို ဖြုတ်လိုက်တော့မယ်နော်”


*ဒါကဒီလိုရှိပါတယ်။*
မောင်ခွေးသည် အိမ်စာစာအုပ်ကို ဆရာအားပေးလိုက်ရာ ဆရာက
မောင်ခွေး၏ စာအုပ်ကို သေသေချာချာ ကြည့်ပြီးနောက်
"ဟေ့ မောင်ခွေး။ ဒီဟာ မင်းရေးတာလား။ မင့်အဖေလက်ရေးနဲ့တူနေပါလား။
မင်းဘာပြောချင်သေးသလဲ။"
မောင်ခွေးသည်အတန်ငယ်တွေနေပြီးနောက်
"သြော် ကျွန်တော်ရေးတာပါဆရာ၊ နို့ပေမယ့် ဖေ့ဖေ့ဖောင်တိန်နဲ့ရေးလို့ ဖေ့ဖေ့
လက်ရေးဖြစ်နေတာပါ။"

*ဘာကောင်လဲ*
“ချာတိတ် . . မင်း ဘာဖြစ်လို့ ငိုနေရတာလဲကွ”

“ မေမေက ဖေဖေ့ကို ဆင်ရိုင်းကြီးလို့ပြောတယ် ။ ဖေဖေက မေမေ့ကို ကြက်မကြီးလို့
ပြန်ပြောတယ်”

“ အဲ့ဒါနဲ့ ငိုရရောလား ကလေးရဲ့”

“ စဉ်းစားကြည့်လေ . . ကျွန်တော်က ဘာကောင်ဖြစ်မလဲ”

*အလှူခံ*
ရေကူးကန် ဆောက်လုပ်ရေးအတွက် အလှူလာခံရာ
ယောက်ျားဖြစ်သူက မိန်းမဖြစ်သူကို အော်မေးသည် ။

"မိန်းမရေ ဘယ်လောက်လှူလိုက်ရမလဲ"

မိန်းမဖြစ်သူက

"ရေ၃ပုံးလှူလိုက်လေ"
*
* *အကောင်းမြင်သမား နဲ့ အဆိုးမြင်သမား*အဆိုးမြင်သမားက စိတ်မချမ်းသာစွာ ပြောသည်
. . .
" ဒီထက်ပိုပြီးမဆိုးနိုင်တော့ ဘူး . . . .ဒီထက်ပိုပြီးမဆိုးနိုင်တော့ ဘူး"

အကောင်းမြင်သမားက အားတက်သရော ပြောသည် . .
"ရှိနိုင်သေးတယ် . . ရှိနိုင်သေးတယ်"

*မှားလို့ပါ*
မိန်းမကြီးတစ်ဦးသည် သူမဧ။်သမီးပျိုကိုခေါ်ကာ ဆေးခန်းသို့ရောက်လာသည်။
ဆရာဝန်က အမျိုးသမီးငယ်ကိုကြည့်ကာ . .
“ ကိုင်း . . . အ၀တ် အစားတွေချွတ်လိုက်ပါ ”
“လူနာက သမီးမဟုတ်ဖူးရှင့် ကျွန်မပါ ”
“ အော် . . ဟုတ်ကဲ့ ဒါဆိုရင် လျှာလေးထုတ်ပြပါ အန်တီ”

*ခေါင်းရှုပ်မခံနိုင်ဘူး*ယောက္ခမ အထီးဆီ သမက်ဖြစ်သူရောက်လာသည်။
“ အန်ကယ် . .အန်ကယ့်သမီးနဲ့ ကျွန်တော်လက်ထပ်တာ ၃-လ ပဲရှိသေးတယ် ၊
ဒါပေမယ့် ကလေးမွေးပြီ . . ဒါဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ . .
ကလေးတစ်ယောက်မွေးဖို့ က
၉ လလောက်လိုတယ်ဆိုတာ အားလုံးသိကြတာပဲ . . ”
ထိုအခါ ယောက္ခမအထီးက ပြန်မေးသည်။

“ မင်းမိန်းမနဲ့ ၃ လကြာအတူနေတယ်နော် ”
“ဟုတ်ကဲ့ အန်ကယ်”

“ မင်းမိန်းမဟာ မင်းနဲ့ ၃လကြာအတူနေတယ်နော် ”
“ ဟုတ်ကဲ့ နေပါတယ် ”

“ မင်းတို့ နှစ်ယောက်အတူနေတာ ၃လရှိပြီနော်”
“ ဟုတ်ပါတယ်”

“ အေး အဲဒါဆို ၃+၃+၃ ဘယ်လောက်လဲ”
“ ၉ပါ အန်ကယ်”

“ အေး . . . အဲဒါပဲ . . . ငါ့ကို နောက်လာပြီး အနှောက်အယှက်မပေးနဲ့ ”


*အမြစ်ရှာသလားလို့ပါ ...*တနေ့ မှာ အဖွား ကြီး တယောက် သွား ကိုက် ဝေဒနာ ကို
အပြင်း အထန် ခံ စား နေ ရ ရှာ သ တဲ့...
နောက် ဆုံး မ ခံ စား နိုင် တာ နဲ့ .. ဆရာဝန် နဲ့ သွားပြ သတဲ့...
ဒါပေမယ့် ခက် တာ က သူပြ တဲ့ ဆရာဝန် က သွား ဆရာဝန် မဟုတ် ပဲ... O.g ဖြစ် နေတယ်..

အဘွားကြီး ။ ။ ကျွန်မ မခံ မရပ် နိုင် အောင် ကိုက် ခဲ နေ တာ ပဲ ဆရာရယ်
ဆရာဝန် ။ ။ ဟုတ်ကဲ့အဖွား..ကျွန်တော်သေသေချာချာ စစ် ဆေး ပေး ပါ့မယ်

ဆရာဝန် မှာ သေ သေ ချာ ချာ စစ် ဆေး ပြီး....

ဆရာဝန်။ ။ အဖွား ရ... ဘာမှ လည်း မဖြစ် ပါလား.....
အဘွားကြီး။ ။ မသိပါဘူး ဆရာရယ် သွားက တနေ့ထက်တနေ့ ပိုပို ပြီး ကိုက် လာ လို့ လာ
ဆေးခန်းလာပြတာ ပဲ....
ဆရာဝန်။ ။ အမ် အဖွား က သွား ကိုက် နေ တာ လား... ဘာ လို့ ကျွန်တော့ ကို စောစော က
မပြောလည်း.....

ထိုအခါ အဘွားကြီး ပြော လိုက်ပုံ က.........

အဘွားကြီး ။ ။ မသိဘူး လေ ဆရာရယ် ... ကျွန်မက .. သွား ရဲ့ အမြစ် ကို
ရှာနေတာမှတ်လို့...





*ခြေထောက်များသ*ူတိရစ္ဆာန်တစ်စု ၀ိုင်းဖွဲ့ စားသောက်နေကြသည် ။ အာသွက်လျှာသွက်
ဖြစ်နေသဖြင့် စကားဝိုင်းသည် စိုးပြည်လှသည် ။ အရက်ကုန်သွားသဖြင့် အရက်ထပ်ဝယ်ရန်
ဆုံးဖြစ်လိုက်ကြသည် ။ သို့နှင့် လိပ်ကို အရက်ဝယ်ရန် လွှတ်လိုက်၏ ။ တစ်နာရီ ၊
နှစ်နာရီ ကြာသွားသည် ။ လိပ်ပေါ်မလာချေ ။ တိရစ္ဆာန်များထဲမှ လိပ်ကို ကျိန်ဆဲသံများ
ပေါ်ထွက်လာသည် ။ မနီးမဝေးချုံထဲမှ လိပ်ထွက်လာပြီး စိတ်ဆိုးစွာပြောသည် ။

“ကျွန်တော့်ကွယ်ရာမှာ အခုလို အတင်းပြောရင် ကျွန်တော်မသွားတော့ဘူးဗျာ”

မတတ်နိုင် ။ လိပ်အစား ကင်းခြေများကို အ၀ယ်လွှတ်လိုက်ကြသည် ။ ငါးနာရီ ကြာမှ
ကင်းခြေများပြန်ရောက်လာသည် ။ အားလုံးက ၀ိုင်းအော်ကြသည် ။

“ဟေ့ကောင် ........ မင်းသွားတာကြာလှချည့်လားကွ”

“အရက်ဆိုင် ၀င်ပေါက်မှာ ဘယ်ကောင်လဲမသိဘူး ။ ဆိုင်ဘုတ်တစ်ခု ချိတ်ထားလို့ ”

“ ဘာဆိုင်းဘုတ်လဲ ”

“ဆိုင်ထဲမ၀င်ခင် ခြေထောက်ကိုစင်အောင်သုတ်ပါတဲ့ ”

No comments:

Post a Comment

^ အပေါ်သို့