Sunday, 20 November 2011

online ပေါ်ကသူ...



အကောင့်ကိုဖွင့်တဲ့အခါ
ရင်ထဲမှာမျှော်လင့်ချက်တွေနဲ့ပေါ့
ဒီအချိန်
သူ...များရောက်နေမလား?
သူအကောင့်က off line ဆိုတော့
သက်ပျင်းကိုချ ရင်တမမ နဲ့
သူ...နေမှကောင်းရဲ့လား?
offline ကနေ online ကိုပြောင်း
ကျွန်တော့်ရင်တွေဗြောင်းဆန်သွားတာ
သူ..သိပါရဲ့လား?
လိုင်းအောက်ဖို့သူနှုတ်ဆက်တဲ့အခါ
ရင်ထဲမှာဟာတာတာဖြစ်ကျန်ခဲ့တာ
သူ သိပါရဲ့လား?
မဖြစ်နိုင်ဘူး ဆိုပြီး
ဒီရင်ထဲက စကားတွေကို
သူ ယုံပါ့မလား?
အိပ်မက်ထဲက အရှင်သခင်ဟာ
online ပေါ်က သူ ဖြစ်နေတယ်ဆိုတာကိုရော
သူယုံပါ့မလား?

No comments:

Post a Comment

^ အပေါ်သို့