ဆရာမက ကျောင်းသားများကို မေးသည်။
“ကလေးတို့ရေ၊ ဘုရင်စနစ် (Monarchy) ဆိုတာ ဘာလဲကွယ် သိတဲ့လူ လက်ညှိုးထောင်ပါ”
ပီတာလေးလက်ညှိုးထောင်သည်။
“ဘုရင်စနစ် ဆိုတာ တိုင်းပြည်ကို ဘုရင်က အုပ်ချုပ်တဲ့ စနစ်ပါ”
“မှန်တယ်၊ ကောင်းပြီ၊ တကယ်လို့ ဘုရင် ကွယ်လွန်သွားရင်ကောကွယ်”
“အဲဒါဆို ဘုရင်မ အုပ်ချုပ်ပါလိမ့်မယ်”
“ဟုတ်ပြီ၊ ဘုရင်မလည်း ကွယ်လွန်သွားရင်ကောကွယ့်”
“အဲဒါဆို ဂျက်ပဲ ကျန်ပါမယ်”
______________________________
စိုးရိမ်လို့ပါ
ရောဂါကြီးသဖြင့် လုံးဝ မျှော်လင့်ချက် မရှိတော့သော လူနာအဖြစ် ဆရာဝန်များ လက်လျှော့ထားကြသော ကိုမေတ္တာက ဇနီးသည်ကို ပြောသည်။
ယောက်ျား ။ ။ “မင်း ငါ့အပေါ် တစ်သက်လုံး သစ္စာစောင့်ခဲ့တဲ့ မိန်းမ ဖြစ်ကောင်းဖြစ်မယ်။ သစ္စာဖောက်ခဲ့တာလည်း ဖြစ်ချင် ဖြစ်နိုင်တယ်။
ဘယ်လိုလိုပဲဖြစ်ဖြစ် ငါမသေခင် အမှန်ကို သိသွားချင်တယ်ကွာ.. ငါ့ကို မှန်မှန်ပြောပါ။ ငါ့ကိုမင်း သစ္စာဖောက်ခဲ့ ဖူးသလား”
မိန်းမ ။ ။ “မတော်တဆ ရှင်မသေရင် ဘယ့်နှယ် လုပ်မလဲ”
______________________________
ဗိုလ်ချုပ်ကြီး
အတန်းပိုင် ဆရာမက ပီတာလေးကို ဆူသည်။
“မောင်ပီတာ မင်းဟာ လွန်လွန်းပြီကွယ့်၊ မနေ့က လေ့ကျင့်ဖို့ လေ့ကျင့်ခန်း စာအုပ်မပါပဲ ကျောင်းကိုလာတယ်။
ဒီနေ့ ကျောင်းသုံးစာလုပ် ပါမလာပြန်ဘူး၊ လက်နက်မပါတဲ့ စစ်သားကို ဘယ်လိုခေါ်သလဲ သိလား”
“သိပါတယ်၊ ဗိုလ်ချုပ်ကြီး”
______________________________
ကိုယ်ချင်းစာကြည့်ပေါ့
ဆရာမသည် အတန်းသားများကိုခေါ်ကာ တိရစ္ဆာန်ရုံသို့သွားသည်။
တိရစ္ဆာန်ရုံသို့ ရောက်သောအခါ ကလေးများသည် မျောက်များရှိရာဘက်သို့ ပြေးသွားကြသည်။
သို့သော် မျောက်တစ်ကောင်ကိုမှ မတွေ့ချေ၊ သို့နှင့် ဆရာမက တိရစ္ဆာန်ရုံဝန်ထမ်းအား အကြောင်းရင်းကို မေးရာ…
ရုံဝန်ထမ်းက ပြောသည်။
“ဒီလိုပါ အခုချိန်ဟာ မျောက်တွေ မိတ်လိုက်တဲ့ အချိန်ပါ။ အခုလူတွေ မမြင်အောင် သူတို့လှောင်အိမ်ထဲ ၀င်နေကြပါတယ်”
ဆရာမသည် ရှက်သွေးဖြာသွားသည်။ သို့သော် ဣနြေ္ဒကို ဆယ်လိုက်ပြီး ၀န်ထမ်းကိုပြောသည်။
“ဟုတ်ကဲ့ ကျမနားလည်ပါတယ်။ ဒါပေမယ့်ရှင် ကလေးတွေက သနားပါတယ်။ သူတို့ခမျာ မျောက်ကို တွေ့ဖူးချင် ကြလွန်းလို့ ခဏခဏ ပူဆာနေတာနဲ့
ကျွန်မအခု ခေါ်လာတာရှင့်။ ဌက်ပျောသီးတွေ ပစ်ပေးပြီး မျှားခေါ်ရင်ကော သူတို့ ထွက်လာမယ် ထင်သလားဟင်”
တိရစ္ဆာန်ရုံ ၀န်းထမ်းက ပြန်ပြောသည်။
“ကျနော်တော့ သိပ်မထင်ဘူးဗျ။ ကိုယ်ချင်းစာကြည့်ပေါ့ ဆရာမရယ်”
______________________________
သနားကြပါ
တိရစ္ဆာန်ရုံမှ ကုလားအုပ် တစ်ကောင် ပျောက်သွားသည်။ ၃ရက်အတွင်း ဌင်းကိုရအောင် ရှာရမည်ဟု
မြို့နယ်ရဲမှုးကို အထက် အာဏာပိုင်များက အမိန့်ပေးလေသည်။
၃ရက်ကြာသောအခါ ကုလားအုပ် တွေ့ပြီဖြစ်ကြောင်း မိမိ၏ ရုံးခန်းအတွင်း လာယူနိုင်ပါကြောင်း ရဲမှုးက အစီရင်ခံသည်။
မကြာမီ ရုံးခန်းသို့ သတင်းထောက်များ ရောက်လာကြသည်။
ကုလားအုပ်ကို ယူလာရန် မိမိ၏ လက်ထောက်ကို ရဲမှုးက ပြောလိုက်သည်။
ရဲကြပ်ကြီးသည် စက္ကူပုံးလေးတခုကို အခန်းထဲသို့ ယူလာသည်။ ပုံးကို ဖွင့်လိုက်လေသည်။
ပုံးထဲတွင် ယုန်တကောင် ထိုင်နေသည်ကို တွေ့လိုက်ကြရသည်။
အံ့အားသင့်နေသော သတင်းထောက်များက မေးကြလေသည်။
ဘယ်မှာလဲ ကုလားအုပ် ???
ဤတွင် ယုန်က ရှိုက်ကြီးတငင် ငိုယိုပြီး ပြောလေသည်။
ကျွန်တော် ကုလားအုပ်ဖြစ်တယ် ဆိုတာ ထပ်ပြီး ၀န်ခံပါတယ်။ ဒါပေမဲ့ ခြေထောက်ကြီးတွေနဲ့ ကျနော့်ကို ထပ်မကန်ပါနဲ့ဗျာ
______________________________
ဝတ္တုတိုင်း ကောင်းတာမဟုတ်ဘူး
ရထားပေါ်မှ စကားဝိုင်းတွင် လူတယောက်က ပြောသည်။
ကျတော့ မိန်းမ ကိုယ်ဝန်ရှိတော့ “ကပ္ပတိန် နှစ်ယောက် စာအုပ်ဖတ်မိတယ်။ မကြာပါဘူး အမွှာပူး မွေးတာပဲ”
ဒုတိယလူက ထောက်ခံပြောသည်။
ဟုတ်တယ်။ ကျုပ်မိန်းမလဲ မမွေးခင်မှာ ပျင်းလို့ဆိုပြီး “လူစွမ်းကောင်း သုံးယောက် စာအုပ်ဖတ်တယ်၊ မွေးတော့ သုံးမွှာပူးဗျ”
ဤတွင်တတိယလူ၏ မျက်နှာသည် ဖြူဖတ်ဖြူရော် ဖြစ်လာပြီး ရေတောင်းသောက်သည်။
“ဟေ့လူ… ဘာဖြစ်တာလဲ။ နေမကောင်းဘူးလား”
ကျနော့် မိန်းမ ရက်စေ့လစေ့ ဖြစ်နေပြီ။ တလောကပဲ သူ “အလီဘာဘာနဲ့ ခိုးသားလေးဆယ်” စာအုပ်ကို ဖတ်ထားတယ်ဗျာ
______________________________
မထူးပါဘူး
ငရဲ နဲ့ နတ်ပြည်သွားမည့် တံခါးပေါက်ရှေ့တွင် မိန်းမအားလုံးကို သိကြားမင်းက စုစည်းစေသည်။
“အားလုံး တန်းစီလိုက်ကြစမ်း။ ကိုင်း… ဟုတ်ပြီ၊ ကိုယ်ယောက်ျားကို တစ်ကြိမ် တခါလောက်မှ သစ္စာ မဖောက်ခဲ့တဲ့သူ ရှေ့တစ်လှမ်း တိုးရပ်စမ်း”
မိန်းမအားလုံးလိုလို ရှေ့တိုးလိုက်ကြသည်။ သစ္စာရှိသော မိန်းမတစ်ဦးသာ နေရာမှ မရွှေ့ဘဲ ရပ်နေသည်။ သိကြားမင်းက အမိန့် ပေးလိုက်သည်။
“အားလုံးကို ငရဲပြည်ပို့လိုက်၊ ဟိုဆွံ့အ နားမကြားတယောက်ကိုပါ ပို့လိုက်”
______________________________
ငါမရူးဘူး
စိတ်ရောဂါ အထူးကု ဆေးရုံကြီတွင် ဖြစ်သည်။ ဆေးရုံကော်မတီရှင်က လူနာတို့၏ အခြေအနေကို
အောက်ပါအတိုင်း စစ်ဆေးသည်။
လူနာများကို ငါးမျှားတံ တစ်ချောင်းစီ ပေးကာ ရေဆွဲအိမ်သာ တစ်ခုစီ၏ ရှေ့တွင် ထိုင်ခိုင်းသည်။
ထိုနောက် တစ်ယောက်ချင်းစီထံ သွားကာ ငါးတွတ်လားဟု မေးလေသည်။
လူနာအားလုံးလိုလိုက ငါးတွတ်ကြောင်း ပြန်ပြောလေသည်။ တစ်ဦးကသာ ငါးမတွတ်ကြောင်း ပြန်ပြောလေသည်။
ဆေးရုံကော်မတီအဖွဲ့ဝင်များ အစည်းအဝေးလုပ်ကာ ငါးမတွတ်ဟု ဖြေသော လူနာကိုသာ လူကောင်းအဖြစ် သတ်မှတ်ပြီး
ဆေးရုံမှ ဆင်းခွင့်ပြုရန် ဆုံးဖြတ်လိုက်ကြသည်။
ထိုလူနာဆေးရုံမှ မဆင်းမီ အခန်းဖော်များက သူ့အားမေးလေသည်။
“ခင်ဗျားက ဘာလို့ ငါးမတွတ်ဘူးလို့ ဖြေရတာတုန်း”
လူနာက ပြန်ပြောလေသည်…
“ငါးတွတ်တဲ့နေရာကို သူတို့ကိုပြောရအောင် ကျနော် အရူးမှ မဟုတ်တာပဲ”
No comments:
Post a Comment