Sunday, 20 November 2011

နှလုံးသားကဖေး

ကျဆိမ့်လို
ဘ၀နိမ့်ပေမယ့်
ချိုဆိမ့်လို
အပိုမလှိမ့်တတ်သလို
အီကြာကွေးလို
ပလီပလာမတွေးတတ်တာယုံပါ..
ဖန်ပဒေါင်းလို
အကြံတွေဟောင်းသွားပေမယ့်
ပဲပလာတာစားပြီး
အသဲမာယာမများတတ်ပါဘူး..
နံပြားလို
ဟန်မများတတ်သလို
ပေါက်စီလို
ဆောက်တည်ရာမရဖြစ်နေပေမယ့်
ကီးမားလို
ကြီးမားတဲ့သစ္စာတရားနဲ့
ပုံမှန်လို
စုန်ကန်ချစ်နေမှာပါကွာ
စမူဆာလိုရူပါနဲ့
ပဲလိပ်

No comments:

Post a Comment

^ အပေါ်သို့