Tuesday, 22 November 2011

အမေ...

သေမင်းတမန်
ရောဂါတွေရဲ့
ကျီစယ်မှုကြောင့်
ဝေဒနာတွေ
ခံစားနေချိန်
ငါ့ဘက်ကနေ
မားမားမတ်မတ်
ရပ်တည်ခဲ့တာ
အမေ..
လောကကြီးရဲ့
ဒုက္ခတွေနဲ့
စမ်းသပ်မှုကြောင့်
အားငယ်နေချိန်
လမ်းကြောင်းမှန်ကို
ပိုက်ထွေးယုယ
ညွှန်ပြခဲ့တာ
အမေ....
ယုယမှုတွေ
အပြည့်ရှိတဲ့
အမေ့ရင်ခွင်
အိုမင်းနေလည်း
သားတို့အတွက်
သမီးတို့အတွက်
လင်းလက်နေတာ
ထာဝရပါ ... ။

No comments:

Post a Comment

^ အပေါ်သို့