မစိုက်ဘဲပေါက်ခဲ့တဲ့
အချစ်သစ်ပင်အောက်
ဒူးထောက်လို့ခစား
ညများအားပြန်ပေးပါ
အိပ်ပျက်ညသခင်
ရင်နှစ်လွှာကိုသိမ်းပိုက်
မှောင်မိုက်နေတဲ့ငါ့ဘ၀ထဲ
မေတ္တာမီးအိမ်လေးနဲ့
လမ်းပြလို့ပေးပါ
ဘ၀ရဲ့ပဲ့ကိုင်ရှင်
ရိုးရှင်းတဲ့ချစ်ခြင်းကို
ပစ်ခွာလို့မငြင်းပဲ
နှလုံးသားရဲ့ခြေတော်ရင်း
ထာဝရ၀ပ်စင်းခွင့်ပေးပါ
ငါ့ရဲ့လမင်း...

No comments:
Post a Comment