မျက်ရည်ဖြိုင်ဖြိုင်ကျနေတဲ့မိုး
စီးသွားတဲ့မျက်ရည်တွေနဲ့အတူ
ငါ့ရင်ထဲကအလွမ်းတွေ
သူ့ဆီရောက်အောင်ခေါ်သွားပေးပါ
လျှပ်စီးလက်ပြီးမှ
ချိန်းတတ်တဲ့မိုးရယ်
သူကမင်းလောက်သစ္စာမရှိလို့
လျှပ်စီးလေးတောင်မလက်ပဲ
ငါ့ကိုထားသွားခဲ့တယ်
လမ်းကြုံရင်ပြောပေးကြပါ
မိုးစက်တွေရယ်
မိုးရွာတဲ့နေ့ရယ်
မိုးမရွာတဲ့နေ့ရယ်ဒီနှစ်ရက်ပဲသူ့ကိုသတိရတယ်ဆိုတာ ။

2 comments:
မူးတဲ့နေ့ရယ်မမူးတဲ့နေ့ရယ် ဒီနှစ်ရက်ပဲသတိရတယ်
အင်းအင်း
Post a Comment